ယခုနှစ် ပထမ (၆) လအတွင်း “Soaring Dragon 2020” စီမံချက်ဖြင့် ကွမ်ကျိုးအကောက်ခွန်ဌာနက အသိဉာဏ်ဆိုင်ရာအခွင့် အရေးများ (IPR) ချိုးဖောက်ထားသော ယွမ်ငွေ (၃.၂၃) သန်းတန်ဖိုးရှိ ပစ္စည်းပေါင်း (၅၅,၀၀၀) ကို ဖမ်းဆီးထားသည်ဟု သိရပါ သည်။ ထိုကဲ့သို့စီမံချက်ဖြင့် ဖမ်းဆီးမှုများပြုလုပ်ရခြင်းမှာ ကပ်ရောဂါကို တွန်းလှန်ရာတွင် အသုံးပြုသည့်ကုန်ပစ္စည်းများ၊ အဝတ် အထည်များ၊ ဖိနပ်များ၊ အိတ်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ၊ လက်ပတ်နာရီများနှင့် လျှပ်စစ်ပစ္စည်းများအပါအဝင် IPR မှတ်ပုံ တင်ထားသော တရုတ်နှင့် နိုင်ငံခြားအမှတ်တံဆိပ်ပေါင်း (၈၅) ခုကို ကာကွယ်ရန်ဖြစ်ပါသည်။
ဝက်ဘ်ဆိုဒ်များကို အခြေပြု၍ တိုးပွားလာနေသော IPRချိုးဖောက်မှုများကို တုန့်ပြန်သောအားဖြင့် ကွမ်ကျိုးအကောက်ခွန်ဌာနက big-data နည်းပညာကို အသုံးပြု၍ ခြေရာခံလိုက်ခဲ့ကာ၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သော နိုင်ငံများ/ ဒေသများထံမှ စာတိုက်များ၊ အမြန်ချောပို့များ၊ နယ်စပ်ဖြတ်ကျော် e-commerce နည်းလမ်းများဖြင့် တင်ပို့တင်သွင်းလာသည့် အတုအပပစ္စည်း များကို ဖမ်းဆီးခဲ့ပါသည်။
ဧပြီလ (၂၇) ရက်နေ့တွင် အကောက်ခွန်ဌာနတည်ရှိသော စာတိုက်က “NIKE” အမှတ်တံဆိပ်အား ချိုးဖောက်ထားသည့် ဖိနပ်အရံ ပေါင်း (၁၅၅) ရံကို သိမ်းဆည်းခဲ့ပါသည်။ ဇွန်လ (၁၇) ရက်နေ့တွင် ပြည်ပမှ တင်ပို့လာသော “LV”၊ “GUCCI” နှင့် “YSL” တံဆိပ် များပါရှိသည့် အတုအပပြုလုပ်ထားသော အိတ်များနှင့် ဖိနပ်များကို သိမ်းဆည်းခဲ့ပါသည်။
ကွမ်ကျိုးအကောက်ခွန်ဌာနသည် တရုတ်နိုင်ငံ၏ အမှန်အကန်တံဆိပ်ဖြင့် ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရေးအတွက် များစွာ အထောက်အကူပြုပေးလျက်ရှိပါသည်။ ဉပမာ ပြည်တွင်းမှ နှာခေါင်းစည်းထုတ်လုပ်သည့်ကု မ္ပဏီတစ်ခုဖြစ်သော Guangzhou Harley Company Ltd. မှ ၎င်း၏ IPR မှတ်ပုံတင်ခြင်းနှင့် နှာခေါင်းစည်းများ တင်ပို့မှုမှရရှိသော အကျိုးအမြတ်များကို ကာကွယ် ခြင်းတို့အတွက် ကွမ်ကျိုးအကောက်ခွန်ဌာနထံမှ လမ်းညွှန်မှုနှင့် ဝန်ဆောင်မှုများကို ရရှိထားပါသည်။ ယခုနှစ်အစပိုင်းမှစတင်၍ တရုတ်နိုင်ငံမှ နာမည်ကြီးအမှတ်တံဆိပ်များဖြစ်ကြသော “HUAWEI”၊ “Vivo”နှင့် “Hisense” ကဲ့သို့သောတံဆိပ်များကို အတုအပ ပြုလုပ်ထားသည့် ပစ္စည်းပေါင်း (၁၁,၆၀၀) ကို ဖမ်းဆီးရရှိခဲ့ပါသည်။
ကွမ်ကျိုးအကောက်ခွန်ဌာနက သတင်းအချက်အလက်များဖလှယ်ခြင်း၊ ဉပဒေချိုးဖောက်ထားကြောင်း အတည်ပြုခြင်းနှင့် အမှု များလွှဲပြောင်းပေးခြင်းတို့ အသက်ဝင်လာစေရန် ပြည်တွင်းကုန်ပစ္စည်း အမှတ်တံဆိပ်၊ တီထွင်မှုမူပိုင်ခွင့်နှင့် စာမူမူပိုင်ခွင့်စီမံကွပ် ကဲရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ၊ IPR စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်းနှင့် ဉပဒေအသက်ဝင်စေခြင်းတို့တွင် ဒေသခံတရားရုံးများနှင့် ပြည်သူ့လုံခြုံရေးဌာနတို့ထံ အထောက်အကူပြုပေးလျက်ရှိပါသည်။ ထို့ပြင် ကွမ်တုန်း- ဟောင်ကောင်- မကာအို မဟာပင်လယ်အော်နယ်မြေတွင် စီးပွားရေးပတ်ဝန်းကျင် စိတ်ချလုံခြုံစေရန် IPR အသက်ဝင်စေရေး လှုပ်ရှားမှုများ၌ ဟောင်ကောင်အကောက်ခွန်ဌာနနှင့် မကာအို အကောက်ခွန်ဌာနတို့နှင့် ကောင်းစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)
ရင်းမြစ်၊ customs.gov.cn (၃၀-၇-၂၀၂၀)